သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး   ဒီဇင်ဘာ   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း သိရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြု တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက ကလေးသူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း သိရှိစေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် အညီ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)