ရွှေသောင်ယံ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံး (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေ (၃)နာရီက လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ လွတ်လပ်ရေးနှင့်ပတ်သက်သော စာအုပ်စာစောင်များအပြင် အခြားသုတ၊ ရသစာအုပ်များနှင့် ပုံပြင်၊ ရုပ်ပြ၊ ကဗျာစာအုပ်များကို ခင်းကျင်းပြသထားရာ လာရောက်ကြသူများမှ လေ့လာပြီး ငှါးရမ်းဖတ်ရှုခဲ့ကြသည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုများနှင့် ပတ်သက်၍ ရွှေသောင်ယံမြို့ ပြန်/ဆက်ဦးစီးမှူးမှ ပြည်သူများ လွတ်လပ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို စာပေမှတစ်ဆင့် ရရှိစေလိုကြောင်း ရှင်းလင်းပြောကြားပြီး မိမိတို့ရုံးတွင် စာပေမျိုးစုံကို စာဖတ်ဝါသနာပါသူများအနေဖြင့် လာရောက်လေ့လာ ဖတ်ရှုငှါးရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)