ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြ‌ရေလှောင်တမံမှ နွေစပါး ဧက(၅၅၀၀)စိုက်ပျိုးရန် ရေပေးဝေသွားမည်

မြန်အောင် ဒီဇင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မမြရေလှောင်တမံမှ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်အတွင်း နွေစပါး ဧက(၅၅၀၀) စိုက်ပျိုးရန် ရေပေးဝေသွားမည်ဖြစ်ကြောင်း မမြရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရန် မမြရေလှောင်တမံမှ ရေလှောင်ပမာဏ (၇၁၅၀၀)ဧကပေ သိုလှောင်ထား ရှိပြီး  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှစ၍ရေပေးဝေမည်ဖြစ်ကြောင်းနှင့်မမြရေလှောင်တမံ၏ အကျိုးပြုဧရိယာအတွင်း နွေစပါးအပြင်ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းများလည်း စိုက်ပျိုးကြ ကြောင်း သိရသည်။

မမြရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးမည့် အင်္ဂပူမြို့နယ်နှင့်မြန်အောင်မြို့နယ်အတွင်းရှိ ဆည်ရေ သောက်ကျေးရွာများမှ တောင်သူလယ်သမားများကို ကြိုတင်အသိပေးထားပြီး မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ()အုပ်စုတွင် နွေစပါး (၃၅၀၀)ဧက၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာအုပ်စု ()အုပ်စုတွင် နွေစပါး (၂၀၀၀)ဧကစိုက်ပျိုးနိုင်ရန် မမြရေလှောင်တမံမှ ရေပေးဝေသွားမည် ဖြစ်ကြောင်းနှင့်‌ လက်ဝဲ လက်ယာ မြောင်းမကြီးများအပါအဝင် လက်တံမြောင်းများနှင့် တိုက်ရိုက်လက်တံခွဲမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားရှိ‌‌ကြောင်း မမြရေလှောင်တမံတာဝန်ခံထံမှ သိရှိရသည်။

ဝင်းဗိုလ်