ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇခွဲ အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

 

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြု အ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် ပါးစပ်နှင့်နှားခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေး လက်နှင့်အုပ်၍ ချောင်းဆိုးခြင်း နေအိမ်ပြတင်း ပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့် (၂၀) ကြာ စနစ်တကျဆေးကြောရန် တက်နိုင်သမျှ မိမိနေ အိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ခံစားရလျင် နီးစပ်ရာ ကျန်းမာရေးဌာန များသို့ သွားရောက်ဆက်သွယ်ပြီး ရောဂါပိုး ရှိမရှိဆေးစစ်မှု ခံယူကြရန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံမှုများအား အကြိမ်‌ရေပြည့်မပျက် မကွက်ခံယူကြရန် စသည့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မျိုးမင်းဦး