အင်္ဂပူမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ ကျင်းပ

အင်္ဂပူ    ဒီဇင်ဘာ   ၂၂

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊  ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့် လျော်ညီသည့် နည်းပညာ ကောင်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင် ရာလုပ်ငန်းများအထောက်အကူပြု စေရန်ရည်ရွယ်၍သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလတ် စားစက်ပြင်အလုပ်ရုံ (ဟင်္သာတမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/ ၂၀၂၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သင်တန်းနည်းပြဆရာ ဦးမျိုးဇော် မှသင်တန်းတွင် ပို့ချခဲ့သည်များပတ်သက်၍ ရှင်းလင်းခဲ့ပြီး သင်တန်းနည်းပြ ဆရာများနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်များပေးအပ်ခဲ့၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စုမှ သင်တန်းသား ၂၀ ဦးအား သင်တန်းပို့ချနိုင် ခဲ့ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက်စက်ပစ္စည်းများပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်သည့်အပြင် ပြင်ဆင်စရိတ်သက်သာ၍ အချိန်ကုန်သက်သာခြင်းဖြင့် ကျွမ်းကျင်စွာ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။            

မြို့နယ်  (ပြန်/ဆက်)