ရေနံချောင်း ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင် က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများသိရှိစေရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ က ဆေးရောင်ခြယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံး ဝန်ထမ်းများက ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ