ဘုတ်ပြင်း ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက် နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လွတ်လပ် ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြစ် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ချက်များနှင့် စာဖတ်သည့် အလေ့အထများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေများ ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်စုပေါင်း ဆောင်ရွက်သည့် အလေ့အထများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိပြီး အသိပညာ ဗဟုသုတများရရှိ စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပျော်ပွဲရွှင်ပွဲများအဖြစ် ကျောင်းသားကျောင်းသူများအား အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ် ရွက်ပြိုင်ပွဲ၊ ပုံးရိုက်ပြိုင်ပွဲ များကို ပြုလုပ်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လွတ်လပ်ရေးကြိုး ပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ မှတ်ဓာတ်ပုံများနှင့် စာအုပ်စာစောင်များ ခင်ကျင်းပြသ ထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)