ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် “မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး” ဆွေးနွေးပွဲ Talk Show ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားခဲ့ပြီး ကရင်ပြည်နယ် မူးယစ်ဆေး ဝါး ဆန့်ကျင်ရေးအသင်း (MANA)  အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က မူးယစ်ဆေးဝါး အလွဲသုံးမှုကြောင့် ပေါ်ပေါက်လာသည့်  နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရာ၌ ပါဝင်ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ စိတ်ကြွရူး သွပ်ဆေး၏ အန္တရာယ်များ၊ သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို ကာကွယ်မည့် နည်းလမ်းများအကြောင်း ကို အသိပညာပေးဆွေးနွေးခဲ့ပြီး (MANA)  အသင်း၏ဆောင်ပုဒ်မှာ “ မူးယစ်ဆိုက ၊ ဆန့်ကျင်ကြ ’’  ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)