ခမောက်ကြီး ဒီဇင်ဘာလ ၂၁
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျောင်းသားအားကစားပြိုင်ပွဲများ၊ ရပ်ကွက်ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ရန် အတွက်ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အထကခမောက်ကြီးကျောင်း၏ နာယကဆရာတော်ဦးအာဒိစ္စ၊ ခမောက်ကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး၊ အ.ထ.က ခမောက်ကြီး ကျောင်းအုပ်ဆရာကြီး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ပြီး (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အခြေခံပညာကျောင်းတွင်း မူ၊ လယ်၊ ထက်အဆင့် အားကစားပြိုင်ပွဲများ ကျင်း ပဆောင်ရွက်ရန်၊ ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အားကစားပွဲများ ပြုလုပ်ရန်နှင့် ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့၌ ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)