ပလောက် ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့၏ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့် အစီအမံများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် ဖြည့်ဆည်း ပေးရမည့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများက အသီးသီးဆွေး နွေးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်