ပြည် ဒီဇင်ဘာ ၂၁
ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အကြီးအကဲ ထံမှပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိ သူများအား အခမ်းအနားပြင်ဆင်ရေးနှင့် လုံခြုံရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာလုပ်ငန်း တာဝန်များအလိုက် ကော်မတီများ စနစ်တကျ ဖွဲ့စည်းထားရှိဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသောဌာနအလိုက်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကို ရှင်းတင်ပြကြသည်။
ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အထက(၁) ကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းတို့၌ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အကြီးအကဲထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပမည်ဖြစ်ကြောင်းနှင့် ပညာရေးဌာနမှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုကျင်းပသည့် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အဆိုပါကျောက်တိုင်ကွင်း ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဆုများချီးမြှင့်ပေးမည် ဖြစ်ကြောင်းသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)