ကံမမြို့နယ်၌ ပြည်သူများ ကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန်အသိပညာပေးနှိုးဆော်

ကံမ  ဒီဇင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ  နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် ()ရပ်ကွက်  ရေပေါ်ကျွန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အိမ်တွင်း၌သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့် ၂၀ ကြာဆေးကြောကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ကျဉ်ကြရန် ရောဂါကူးစက်မှုလျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)