ကံမမြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ထုတ်ပေးလျက်ရှိ

ကံမ  ဒီဇင်ဘာ  ၂၁                    

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို    ယနေ့နံနက်ပိုင်းမှ  စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ  ပင်စင်စားများအား  နေ့အလိုက်ခွဲခြားသတ်မှတ်၍    စနစ်တကျ  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြပင်စင် ၆၂၁ ဦး၊ ကာကွယ်ရေးပင်စင် ၁၃၃ ဦး၊   နိုင်ငံရေး ပင်စင် ၉၆ ဦး နှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ဦး စုစုပေါင်း ပင်စင်စား ၈၅၈ ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)