တောင်ငူ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် ပင်စင်လစာငွေများ ထုတ်ယူမည့်သူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် အမှတ် ၁၇ ရပ်ကွက် ဈေးလမ်း ကေတုရတနာခန်းမတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ထုတ်နှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်နှံပေးရာတွင် သက်ကြီးပင်စင်စားများအား ဦးစွာထုတ်နှံပေးရာ မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မှ တာဝန်ခံများနှင့် ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာ ငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်နှံပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးရာတွင် ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများအတွက် ၎င်းတို့၏ ကိုယ်စားလှယ်များမှ ဗီဒီယိုရုပ်သံခေါ်ဆိုပေးကာ အဆင်ပြေချောမွေစွာ ထုတ်ယူနိုင်ရေးအတွက် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေများ ထုတ်နှံပေးခြင်းကို ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဘဏ်လုပ်ငန်းချိန်များအတိုင်း ထုတ်နှံပေးမည်ဖြစ်ပြီး လာရောက်ထုတ်ယူခြင်း မရှိသူများအား ဘဏ်ဖွင့်ရက်များအတိုင်း တောင်ငူမြန်မာ့စီးပွားရေးဘဏ်တွင် လာရောက် ထုတ်ယူနိုင်ကြောင်း ခရိုင်ဘဏ် တာဝန်ခံထံမှ သိရသည်။
ဇော်ထက်