ပိုင်ကျုံတိုက်နယ်‌ဆေးရုံ၌ ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး

ပိုင်ကျုံ   ဒီဇင်ဘာ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့် ပွားမှု အမြန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် (၁၈)နှစ်အထက် ဒေသခံ ပြည်သူများ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီးကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိ သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူပေါင်း၍ ဆောင်ရွက်‌ပေးလျက်ရှိပြီး ဆဌမအသုတ် ပထမ အကြိမ်တွင် ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးသူထိုးနှံသူ ၆၁၈ ဦးရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသူများ အား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်း တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)