ကျောင်းကုန်း ဒီဇင်ဘာ ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ်အသက် မွေးဝမ်းကျောင်း လျှပ်စစ် သံဂဟေဆက်သင် တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါ ကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကိုယ့်ရပ် ကိုယ့်ရွာမှာ ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးဝင်းထူး က သိထားတဲ့ တတ်ထားတဲ့ အသိပညာအပေါ် မတင်းတိမ်သေးပဲ ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦး က ယခုလိုသင်တန်းတွေ တက်ခြင်း အားဖြင့် ဗဟုသုတတွေရမယ် ၊အမြင်ကျယ်လာမယ် အကျိုးရှိစေနိုင်မယ်ဟု ပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှုးက သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ မြို့နယ်သမဝါယမဦးစီးမှုး ဦးဝင်းထူး က သင်တန်းနည်းပြဆရာ ဦးအောင်နိုင်ဦးအားလည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးမှုး ဦးခင်ဇော်က သင်တန်းနည်းပြ ဆရာ ဦးအောင်အောင် အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
လျှပ်စစ်သံဂဟေဆက်သင်တန်းကို သင်တန်းကာလ ရက်(၂၀)ကြာ သင်ကြားပို့ချပေးခဲ့ပြီး၊ မြို့နယ် အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ သင်တန်းသား(၂၀)ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်