မင်းလှမြို့နယ် ကြက်‌ခြေနီအသင်းမှ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မင်းလှ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကြက်‌ခြေနီအသင်းမှ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်း ကျေးရွာတွင် မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးလှိုင်မိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားပြီး၊ မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ် (၁၆)လုံးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် တစ်အိမ်ထောင်လျှင်  ကာလတန်ဖိုး ၁၇၀၀၀ဝိ/ကျပ်ခန့် တန်ဖိုးရှိသည့် နေ့စဉ် အိမ်သုံးပစ္စည်း(၄၃)မျိုးပါ ပလတ်စတဒ်ပုံးများ၊ စုစုပေါင်းပစ္စည်း (၁၆)စုံအား  မီးဘေးသင့်ပြည်သူများ လက်ဝယ်ထံအ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)