လှိုင်းဘွဲ ဒီဇင်ဘာလ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ကျောင်းသား/သူများအနေဖြင့် မမေ့သင့်မမေ့အပ်သော လွတ်လပ်ရေးနေ့အကြောင်း၊ လွတ်လပ် ရေးမရမီ နယ်ချဲ့သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့စေရေး၊ မျိုးချစ်စိတ်ဓါတ် ထက်သန်လာစေရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရတန်ဖိုးကို သိရှိစေပြီး ထိန်းသိမ်းတတ်စေရန် အသိပညာပေး ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲ့ကောင်းများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနံရံကပ်စာစောင်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)