လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူကြိုကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကလေးစာ ဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးငယ်များနေဖြင့် ဉာဏ်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာ စေရန်နှင့် ရုပ်ပြပုံပြင်ပြောပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မူကြိုကလေးများအား ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်းနှင့် မှတ်ဉာဏ် စွမ်းရည် ကောင်းမွန်မှုရှိလာအောင် ယှဉ်ပြိုင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ (ပြန် / ဆက်)