ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၁၉) ဦးရှိ​ပြီးဖြစ်

ပိုင်ကျုံ   ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကို  လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုး နှံရန်ကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို   ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ် ၇၂၉ ဦး၊ ဒုတိယအသုတ် ၃၇၀၅ ဦး၊ တတိယအသုတ် ၂၆၈၀ ဦးနှင့် စတုတ္ထအသုတ်တွင် ၂၀၀၅ ဦးဖြစ်ပြီး စုစုပေါင်းလူဦးရေ ၁၁ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးမထိုးရသေးသည့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ နိုင်ရေးအတွက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင်  အဆင်ပြေ လွယ်ကူစေရန် အတွက်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)