ကျုံပျော်မြို့နယ်၊ ငါးအိုက်ကွင်းကျေးရွာ ပြည်သူများအတွက် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်‌

ကျုံပျော် ‌  ဒီဇင်ဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက ယမန်နေ့က ငါးအိုက်ကွင်းကျေးရွာ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးထွန်းအေး ဦးဆောင်သည့်ဝန်ထမ်းများက ငါးအိုက်ကွင်း ကျေးရွာအုပ်စု  ပြည်သူများအတွက်  လိုအပ်နေသော အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို စနစ်တကျ စိစစ်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။ ဌာနအနေဖြင့် ပန်းခင်းစီမံချက် ပထမ()လတွင် မြို့ပေါ်ရပ် ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများကို မြို့နယ် လဝက ရုံးသို့ ခေါ်ယူဆောင်ရွက်ပေးခဲ့ပြီး၊ ယခုအခါကျေးရွာအုပ်စု များသို့ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း ကျန်ရှိမှုများရှိပါက ကောက်သင်းကောက်စနစ်ဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

လပြည့်ဦး(ပြန်/ဆက်)