(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ရေးအထိမ်းအမှတ်အကြို ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မြိတ်  ဒီဇင်ဘာ ၂၁

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မူလတန်း ကျောင်းသား/သူလေးများက အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ခုန်ပြိုင်ပွဲ၊ ပူပေါင်း ဖောက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ တို့ကို ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခဲ့သည်။

ပြိုင်ပွဲများ၌ ဆုရရှိသူများကို တာဝန်ရှိသူများက ဗလာစာအုပ်နှင့် ခဲတံများပေးအပ်ခဲ့ကြသည်။ ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပညာပေး စာစောင်များအား ကျောင်းသား/သူ များက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )