စုကလိ ဒီဇင်ဘာ ၂၁
ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး စီးဌာန စုကလိမြို့ မှအလယ်တန်းအဆင့် ကလေးငယ်များအား ဘော်လုံးပစ်ပြိုင်ပွဲအား ယနေ့ နံနက် ၁၀ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ မြို့ဦးစီးမှုး ဦးစောအယ်လင်းမှ ပေါ်ပေါက်လာပုံအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲပြုလုပ် ကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသူ (၁၂) ဦးမှ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသူလေး များအား စုကလိမြို့တာဝန်ခံမှ အမှတ်တရပစ္စည်းနှင့် ဆုများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်