ကျောင်းကုန်း ဒီဇင်ဘာ ၂၁
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို မူလတန်းဆင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီလွင်က စွမ်းရည် ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ အဆို ပါပြိုင်ပွဲသို့ မြို့သစ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတို့ ကျင်းပပေးခဲ့ပြီး၊ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ပူစီပေါင်းဖောက်ပြိုင်ပွဲနှင့် ထိုင်ခုံလုပွဲ စသည့်တို့ ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲ အပြီးတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်