ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများပြုလုပ်

ရေဖြူ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြို အားကစား ပြိုင်ပွဲများကို ယမန်နေ့က ရေဖြူမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲများ ပြုလုပ်ကြပြီး ပထမနှင့် ဒုတိယဆုရရှိသောအသင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကိုက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခတ္တာ