အင်္ဂပူမြို့ ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေးနံရံကပ်စာစောင်ပြသ

အင်္ဂပူ  ဒီဇင်ဘာ ၂၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများ၏ အခြေခံ အခွင့်အရေးများ၊ မသန်စွမ်းသူများအတွက် ခွဲခြားမှု မရှိသော ပတ်ဝန်းကျင်နှင့် အဟန့်အတားကင်းသော ပတ်ဝန်းကျင် အခြေအနေ အသိပညာပေး ဖော်ပြချက်များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ်ဆောင်ရွက်၍ ရနိုင်သော နည်းလမ်းများကို မှတ်တမ်း ဓါတ်ပုံများဖြင့် အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး အသိပညာပေး ခင်းကျင်းပြသထားပြီး ကျောင်းသား / ကျောင်းသူ (၂၅) ဦး ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

မြို့နယ်