ဘိုကလေး ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၁)နာရီ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့ ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံစေရေးအတွက် မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့သည်။
နှိုးဆော်ရာတွင် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များနှင့် အသက်အရွယ်မရွေး သာသနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၁)ကြိမ် ထိုးနှံပြီးသူများအနေဖြင့် မြို့လယ် ကျက်သရေဆောင် အောင်တော်မူဘုရားကြီးနှင့် ဘိုကလေး-စက်ဆန်း လမ်းဆုံတို့တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ကြောင်းနှင့် ကာကွယ် ဆေးလာရောက်ထိုးနှံပါက သာသနာဝန်ထမ်းကဒ်များ၊ ဌာနဆိုင်ရာဝန်ထမ်းကဒ်များ၊ မှတ်ပုံတင်များ တစ်ပါ တည်းယူဆောင်လာရန် လိုအပ်ကြောင်းနှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
မိုးစက်