ဇလွန် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သောအသက်မွေးကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင် စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးအောင်သက်ရှည် ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းတို့မှယခုသင်ကြားပေးခဲ့သောအတက်ပညာများကို မိမိတို့မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်နှင့်လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် သင်ကြားပေးခဲ့သောအတက်ပညာရပ်များကို လက်တွေ့ကျကျအသုံးချရန်သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ယင်းနောက်ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများကသင်တန်းတွင်ဆုရရှိသူများအားဆုများအသီးသီးပေးအပ်ချီးမြှင့်၍သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးသင်တန်းကိုဇလွန်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု ( ၉) အုပ်စုမှသင်တန်းသား ( ၁၆) ဦးတက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။
ဝေယံ