ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို စတင်ထုတ်ပေး

ကော့ကရိတ်  ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်  ၇ နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို နိုင်ငံတော်အစိုးရက သတ်မှတ် ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင်   ထုတ်ပေးသွားမည် ဖြစ်ရာ ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၁၉၈၆) ဦး ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)