မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယမန်နေ့က မြန်အောင်မြို့နယ် ဇလုပ်ကြီးကျေးရွာအုပ်စုနှင့် သဲဖြူကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်း ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် မြန်အောင်မြို့နယ် ဇလုပ်ကြီးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ် (၁၇၄)ဦး၊ အိမ်ထောင် စုစာရင်း (၅၀)စောင်နှင့် သဲဖြူကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ် (၁၃၅)ဦး၊ အိမ်ထောင်စုစာရင်း (၄၀)စောင်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်