မင်းလှ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများကို မကူးစက်ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ် ဆေးကုသ ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ရောဂါစစ်ဆေးကုသပေးခြင်းကို မြို့နယ်ဆရာဝန်က ရောဂါစစ်ဆေးကုသပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး ဝန်ထမ်းများကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်အမြင့် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရှိမရှိ စစ်ဆေး ပေးခြင်း၊ BMI စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ ပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဌာနဆိုင်ရာများအား ဒီဇင်ဘာ ၁၇ ရက်မှ စတင်စစ်ဆေးပေးခဲ့ပြီး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့မှ ဝန်ထမ်းများအား ရောဂါစစ်ဆေးပေးခဲ့ နိုင်ခဲ့ကြောင်း၊ ကျန်ရှိသောဌာနဆိုင်ရာများကိုလည်း ဆက်လက် စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပေါက်စ