မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ       ဒီဇင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအား ကစားပြိုင်ပွဲ များကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်      မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းထွန်းအောင်က   (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည်ဖြစ်၍ အခြေခံပညာကျောင်းများမှကျောင်း သား/ ကျောင်းသူများနှင့်ရပ်ကွက် အသီးသီးရှိပြည်သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက်ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ဌာနဆိုင်ရာများ အနေဖြင့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် ပြိုင်ပွဲကျင်းပ ပြုလုပ်‌ရေးဦး စီး‌ကော်မတီ၊ ဆပ်ကော်မတီအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ကြရန်နှင့်ပြိုင်ပွဲတွင်     ဆုရရှိသူများအားဆုချီးမြှင့်ပေးနိုင်ရေးတို့ကို       ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှဦးစီးအရာရှိဦးဝင်းလှိုင်က (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့အထိမ်း အမှတ်အကြို  အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် မည့်အစီအမံများအားရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက်     အစည်းအဝေးတက်ရောက်လာသည့်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက      အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ အကြံပြု‌ဆွေးနွေးခဲ့ကြရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များ အပေါ်လိုအပ် သည်များအား ဖြည့်စွက်ဆွေး နွေး‌ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)