ကရသူရိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့်   စာအုပ်စာစောင်များ ခင်းကျင်းပြသ

ကရသူရိ ဒီဇင်ဘာလ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအကြောင်းအရာများ၊ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အာဇာနည်များ အကြောင်း၊  မျိုးဆက်သစ်လူငယ်တို့ အတုယူစရာအကြောင်းအရာများနှင့် နေ့ထူးနေ့မြတ်များအကြောင်းကို ဟောပြောသည်။

ထို့နောက် အသိပညာဗဟုသုတရရှိရေးအတွက် စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်း၊ လွတ်လပ်ရေးအကြောင်းအရာ နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံတို့ကို ပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)