ကျိုက်လတ်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပြသ

ကျိုက်လတ် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်လဲလှယ် ပြသဆောင် ရွက်လျှက်ရှိရာ ယနေ့နံနက် (၁၁)နာရီအချိန်က ကျိုက်လတ်မြို့နယ်ရုံး Community Centre ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်()ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲတွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ပြည်သူများ သိရှိရန်လိုအပ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ် ငန်းစဉ်()ရပ် မှတ်တမ်းဓာတ်ပုံများ နှင့် ချမှတ်ထားသည့် ဦးတည်ချက်()ရပ် တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ဗီနိုင်းပိုစတာ ပြုလုပ်၍ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ထားရှိရာ ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု့ လေ့လာခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်