အိမ်မဲ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင် သည့် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရာ ပြည်သူများက စိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ့ အလင်းသတင်းစာ၊ ဒို့ကျေးရွာဂျာနယ်၊မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ ကိုဗစ်(၁၉)အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ် စာစောင် များနှင့် အခြားအသိပညာပေးနံရံကပ်စာစောင်များကို တစ်လလျှင်(၂)ကြိမ်လဲ လှယ်ပြသထား ရှိကြောင်း သိရသည်။
ချစ်သက်လယ်