မေတ္တာ ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို သမိုင်းကြောင်းများဖြစ်သော မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များကြောင်း၊ လွတ်လပ်ရေး အရသာ၊ ပိုမိုစည်းလုံးညီညွှတ်စေခြင်း၊ ဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်ဆိုသော အကြောင်းအရာများကို ကျောင်းသားကျောင်းသူများ သိရှိနားလည်စေရန် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသောစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသူကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)