သရက်ချောင်း ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သမဝါယမနှင့် ကျေး လက်ဖွံဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်မှာစကားပြောကြားပြီး၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းမြတ်ထက်က ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းက စုံစင်ဖျားကျေး ရွာ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးဝါက ကျောက်ဆည်ကျေးရွာ၊ သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက မာလာကာချောင်း ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။
အေးနွယ်၀င်း