မကွေး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနေ့ စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄၀/၂၀၂၁) ကို ယနေ့နံနက်(၁၀)နာရီ အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကအမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံများ တွင် ကိုဗစ်-၁၉ရောဂါ(အိုမီခရွန်)သည် ကူးစက်မှုများ တိုးပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ရောဂါ (အိုမီခရွန်)သည် ကူးစက်မှုရှိလာသည်ကို တွေ့ရှိရသဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ရောဂါကူးစက်မှုပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် RDT Test Kit စစ်ဆေးခြင်း များအား ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် (၄၇)ရာခိုင်နှုန်း ထိုးနှံပြီး စီပြီဖြစ် ကာကျန်ရှိ နေသော ပြည်သူများအား လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး ပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလို ကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဝင်ရောက်လာသည့် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါစစ်ဆေး ရေးဂိတ်များတွင် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit စစ်ဆေးခြင်းများ စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင် စက်ရုံများအား အမြဲတမ်းအဆင့်သင့်လည်ပတ်နိုင်ရေး အတွက် ဆောင်ရွန်ရန်လိုအပ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါကူး စက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ နှင့်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုအ ခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအ နေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကိုဗစ်-၁၉ရာဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများ သိရှိနိုင်ရေး နှိုးဆော်ပေးမှု အခြေအနေ များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် နှင့်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)