မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဒီဇင်ဘာအားကစား လှုပ်ရှား မှုအနေဖြင့် မြန်မာ့ရိုးရား ခြင်းလုံးအလှခတ်ပွဲ ကျင်းပပြုလုပ်

မင်းဘူး          ဒီဇင်ဘာ        ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်း အတွင်း၌ ဒီဇင်ဘာ အားကစားလှုပ်ရှားမှု အစီအစဉ်အနေဖြင့် မြန်မာ့ရုံးရာ ခြင်းလုံးအလှခတ်ပွဲကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းအား ရိုးရာမပျက်ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ယနေ့ခေတ်လူငယ်များ စိတ်ပါဝင်စားစွာ လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်၍ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်အား/ကာနှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားအဖွဲ့ (မြန်မာ့လက်ရွေးစင်ခြင်းအဖွဲ့)တို့ပူးပေါင်း ဆောင်ရွက်ခြင်းပြီး Online မှတစ်ဆင့် ထပ်မံတင်ဆက်သွားမည်ဖြစ်ကြောင်း” ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ပြောသည်။

မြန်မာ့ရုံးရာ ခြင်းလုံးအလှခတ်ပွဲကို ပထမပွဲစဉ်အနေဖြင့် မင်းဘူး(စကု)မြို့နယ်ကိုယ်စားပြု လက်ရွေးစင်အား ကစားအဖွဲ့ဖြစ်သည့် ကိုရန်လင်းအောင် အားကစားအဖွဲ့မှ လည်းကောင်း၊ ဒုတိယပွဲစဉ် အနေဖြင့် ကျောင်းတော်ရာကိုယ်စားပြု မြန်မာ့လက်ရွေးစင်ခြင်းအဖွဲ့ဖြစ်သည့် ကိုလှမျိုးမင်း ဦးဆောင် သောခြင်းအဖွဲ့တို့မှ မြန်မာ့ရိုးရားခြင်းလုံး အလှခတ်နည်းများဖြစ်သော ဒူး၊ ဖဝါး၊ ခြေခွင်၊ ခြေဖျား၊ ခြေဖနောင့်၊ ခြေဖမိုး၊ စလွယ်၊ ဝိုက်ခြင်း၊ မဟာဒူး၊ နှစ်ထပ်ခြင်း၊ ရှပ်ခြေထိုးခြင်း၊ နှစ်ထပ်ဒူးစသော ရှေးခေတ်မြန်မာ့ရိုးရာ ခြင်းခတ်နည်းပညာများကို သူမတူအောင် လှပဆန်းကြယ်စုံလင်စွာ ခတ်ပြအသုံး တော်ခံတင်ဆက်ခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး စတုတ္ထတန်းမှ ကျောင်းသားလေး မောင်နေတိုးက သေး၊ လတ်၊ ကြီး၊ ငယ် ခြင်းမျိုးစုံကို ဖန်ပုလင်းကွဲများပေါ်တွင် ခတ်ပြတင်ဆက် ခဲ့သည့်အပြင် ကြိမ်ကွင်းများကို ကျော်ဖြတ်၍ တစ်ကိုယ်တော် ခြင်းအစွမ်းဖြင့် ခတ်ပြသွားခဲ့သည်။

အဆိုပါ ခြင်းအလှခတ်တင်ဆက်သူများကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် မြို့နယ်အား/ကာမှူး ဒေါ်နှင်းနှင်းတို့က မြန်မာ့ရိုးရာ ခြင်းလုံးအားကစားသမားများကိုယ်စား ခြင်းအဖွဲ့ခေါင်းဆောင် မြန်မာ့လက်ရွေးစင် ကိုလှမျိုးမင်းအား အမှတ်တရဝတ်စုံများ၊ ဆုတော်ငွေများနှင့် လက်ဆောင်ပစ္စည်များကို ပေးအပ် ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)