ဆိပ်ဖြူမြို့နယ် ကဇွန်းမနယ်မြေ မီးသတ်စခန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဆိပ်ဖြူ ဒီဇင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကဇွန်းမနယ်မြေ မီးသတ်စခန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့်အတူ မြို့နယ်လမ်း ဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၃၈၁၂၀၀၀၀)ကျပ်ဖြင့် ကဇွန်းမနယ်မြေမီးသတ်စခန်း၌ မီးသတ်ယာဉ်များ ဝင်ထွက်သွားလာမှု အဆင်ပြေရန် LINN MYAT MIN ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် နယ်မြေမီးသတ်စခန်းရှေ့ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း က ကဇွန်းမနယ်မြေမီးသတ်စခန်း၏ ဝန်ထမ်းအင်းအား၊ မီးသတ်ယာဉ် ယန္တရားများ အခြေအနေ၊ လက်ရှိဆောင်ရွက်လျက်ရှိသော ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အခြေအနေနှင့် သဘာ၀ဘေးအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ယာဉ် စက်ပစ္စည်းများ ကောင်မွန်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ကြိုးစား ဆောင်ရွက်သွားရန်နှင့် ကဇွန်းမနယ်မြေ မီးသတ်စခန်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား သတ်မှတ် အရည်အသွေးများနှင့် ပြည့်မီအောင် ကြီးကြပ် ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)