ကျွန်းစုမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ အား နံရံကပ်စာစောင်ပြသ

ကျွန်းစု ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးအရှေ့ရှိ မြေစိုက်နံရံကတ်ဘုတ်တွင် ပြသထားရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ဖြစ်သည့် နိုင်ငံရေးဦးတည်ချက် (၃) ရပ်၊ စီးပွားရေးဦးတည်ချက် (၃) ရပ်၊ လူမှုရေးဦးတည်ချက် (၃) ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့ကို မှတ်တမ်းဓါတ်ပုံများနှင့် ပြသထားရှိရာ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဒေသခံများက စိတ်ဝင်တစား လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

IPRD (Kyunsu new)