စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ တန်ဘိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်

 မုံရွာ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီ၏ တန်ဘိုးမြင့်စား သောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြား ရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မိမိတို့ဒေသနဲ့ စီးပွားရေးလုပ်ငန်းခွင် အခြေအနေများ အရ လိုက်လျော ညီထွေမှုရှိစေတဲ့ တစ်နည်းအားဖြင့် အခြေအနေပေးမဲ့ လုပ်ငန်းများအတွက်အသက်မွေးမှုနဲ့ ကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း၊ ကလေး အလုပ်သမား ပပျောက်ရေးသည် အလုပ်သမားများ၏ လူမူအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေး ရသည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်သက်မှတ်ပြီး သက်ဆိုင်ရာ လုပ်ငန်းကော် မတီများ အနေဖြင့် မဖြစ်မနေ ညှိနိုင်းစီမံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  သင်တန်းသူများအဖြင့် သင်တန်းက ပို့ချပေးတဲ့ နည်းပညာရပ်များကို စာတွေ့လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိတ်ပါ ဝင်စားစွာ ဖြင့် နာယူမှတ်သားပြီး သင်တန်းကချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းများကို လည်း အပြည့်အဝလိုက်နာကြပါ အထူးသဖြင့် ရက်တိုကာလသင်တန်းဖြစ်တဲ့အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်ကြရန်မှာကြား လိုပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေ သကြီးဦးစီးမှူး ဦးအောင်ဖြိုး က တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက် လာကြသောသင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးပြီး သင်တန်းတွင်အ သုံးပြုမည့် သင်ထောက်ကူပစ္စည်းများအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သို့ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြား သွားမည် ဖြစ်ပြီး သင်တန်းကာလကို ဒီဇင်ဘာလ (၂၀)ရက်နေ့မှ ဒီဇင်ဘာလ (၂၆)ရက်နေ့အထိစာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 မြို့နယ်(ပြန်/ဆက်)