ဟင်္သာတမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်လျက်ရှိ

ဟင်္သာတ ဒီဇင်ဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ()နာရီအချိန်၌ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကူးစက်  ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး  အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် မဖြစ်သေးသော်လည်း ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေး များကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် နေအိမ်မှ အပြင် ထွက်သည့်အခါ နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန် (Mask)မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများ ရှောင်ကြဉ် ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း ရှောင်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာ ဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောကြပါ၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာ ကြပြီး  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။     

ကိုဇော်