ကန်ကြီးထောင့်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ကန်ကြီးထောင့်    ဒီဇင်ဘာ    ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက် (၁၀)နာရီက နနွင်းဂရက်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် နနွင်းဂရက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းခဲ့ပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ဇင်မာဦးက  လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းနှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ လွတ်လပ်ရေးအား မျိုးဆက်သစ်တို့ ထိန်းသိမ်းရမည့်တာဝန်များအား အကျယ် တဝင့် ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲအခမ်းအနားသို့  အထက(ခွဲ)နနွင်းဂရက်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်