ပြည်ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၂/၂၀၂၁) ဖွင့်လှစ်

ပြည် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ပြည်မြို့လမ်းမတော်လမ်းရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်ပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်မီသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက သင်တန်းဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်မီသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်လင်းပြောကြားသည်။

ထို့နောက် သင်တန်းအတွက် အုပ်ချုပ်ထောက်ပံ့ကိစ္စရပ်များ အသုံးပြုနိုင်ရန် ပြည်မြို့ အရန်မီးသတ်တပ်ရင်းရုံးမှ ထောက်ပံ့ငွေ (၃၅၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းရာ လှူဒါန်းမှုအတွက် ခရိုင်မီးသတ်ဦးစီးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။

အဆိုပါ သင်တန်းသည် ပဲခူးတိုင်းဒေသကြီးအတွင်း (ဒုတိယ)အကြိမ် ဖွင့်လှစ်ခြင်း ဖြစ်ကာ (ပထမ)အကြိမ်ကို ပဲခူးတိုင်း(အရှေ့ခြမ်း)၌ ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းတွင် ပဲခူးတိုင်း (အနောက်ခြမ်း)ရှိပြည်နှင့် သာယာဝတီခရိုင်တို့မှ အခြေခံရှာဖွေ ကယ်ဆယ်ရေး သင်တန်းများ တက်ရောက်ပြီးသည့် ကျန်းမားရေးကောင်မွန်သူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးကို ရွေးချယ်တက်ရောက်စေခဲ့ကြောင်းနှင့် ၎င်းတို့ကို (ရေပြင်၊ မြေပြင်၊ ဝေဟင်) အစရှိသည့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး ပညာရပ်များ နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရန် သင်တန်းကာလ ၁၀ ရက်အတွင်း လက်တွေ့လေ့ကျင့်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းကို ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရန် မီးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း ပြည်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းက ပြောသည်။

ပြည်ခရိုင်(ပြန်/ဆက်)