ဝက်လက်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

ဝက်လက် ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် မိုးစပါး တစ်ဧက ထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ကြကြောင်း သိရသည်။

စံကွက် ရိတ်သိမ်းရာတွင်  လှတွေ ကျေးရွာ တောင်သူ ဦးပြုံးချို၏ ကွင်းအမှတ် (၃၂၃၁) စိုက်ဧက (၄ .၈) စပါးမျိုးအမည်  ဧရာမင်း၊ တစ်ဧက တစ်ထောင်ပုံတစ်ပုံ ဖြစ်သည့် (၆)ပေ ပတ်လည် စံကွက်အရ အထွက်တင်း (အစို) နို့ဆီဘူး ပျမ်းမျှ (၁၂)ဘူးထွက်ရှိပြီး တစ်ဧက( ၉၃ . ၇၅)တင်း ထွက်ရှိကြောင်း သိရသည်။

ယင်းနောက် ဝက်လက်မြို့နယ် ရွှေပန်းကုံး ကျေးရွာ တောင်သူ ဦးဇော်မောင်မောင်လင်း၏ ကွင်းအမှတ် (၃၂၀၄)စပါး မျိုးအမည် ပေါ်ဆန်းရင် စိုက်ဧက (၂)ဧကတွင်  (၆)ပေပတ်လည် စံကွက်အထွက်စပါး(အစို)  နို့ဆီဘူး ပျမ်းမျှ (၁၅)ဘူး တစ်ဧက အထွက်နှုန်း (၁၁၇.၁၈)  တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ လယ်ယာ မြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်းကာ စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)