မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

မြင်းမူ ဒီဇင်ဘာ ၂၀

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  စာအုပ်ပြပွဲကို ယနေ့ နံနက်က  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ရာ စာပေဝါရှင်များ တက်ရောက်ကြည့်ရှု လေ့လာခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးနေလင်းအောင်က စာအုပ် စာစောင်များ ခင်းကျင်းပြသပေးရသည့် ရည်ရွယ်ချက်၊ စာဖတ်သူအကြိုက် သုတ/ရသ စာအုပ်များကို ရွေးချယ်ကြည့်ရှု လေ့လာစေပြီး မိမိစိတ်ကြိုက် စာအုပ်စာစောင်များကို စာပေအမြည်းအဖြစ် ဖတ်ရှုစေရန်ဖြစ်ကြောင်း၊ သို့မှသာမိမိဖတ်ရှုလိုသည့် စာအုပ် စာစောင်များကို  မိမိတို့ ပြန်/ဆက် ဦးစီးဌာန စာကြည့်တိုက်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အလွယ်တစ်ကူ ငှားယူနိုင်မည်ဖြစ်၍ များစွာအကျိုးရရှိနိုင်ကြောင်း အသိပညာပေး ပြောကြားသည်။

ယင်းနောက် ပြည့်သူ့စာကြည့်တိုက်အတွင်း   ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ် (၈၀)အား စာပေဝါသနာရှင်များ က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အောင်စိုးဖေ(မြင်းမူ)