ကန်ကြီးထောင့် ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေးလုပ်ငန်းက ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာနည်းများ သိရှိနိုင်ရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ်ဖြင့် ဗီနိုင်းပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသထားကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပိုစတာများတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ သိရှိစနိုင်ရန်အတွက် နေအိမ်ပြင်ပ၌ ထွန်းထားသောမီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားရန်၊ ပြင်ပအလင်းရောင်ကိုသာ အသုံးချရန်နှင့် မလိုအပ်သော အိမ်တွင်းလျှပ်စစ်မီးများကို လျော့သုံးရန်၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပန်ကာများ ဆက်တိုက်ဖွင့်ထားခြင်းသည် မီတာခပိုကုန်ကျစေသဖြင့် အသုံးလိုမှဖွင့်ရန်၊ အမှန်တကယ်ကြည့်မည့်အချိန်၌သာ တီဗီကိုဖွင့်ရန်နှင့် ကြည့်သူမရှိဘဲ အချိန်ပြည့် ဖွင့်ထားခြင်းကို ရှောင်ကြဉ်ရန်နှင့် ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားများအား ချွေတာသုံးစွဲခြင်းအားဖြင့် မီတာခများများ ကျသင့်ခြင်းခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ် ချွေတာသုံးစွဲရေး နည်းလမ်းများအား အသိပညာပေးထားကြောင်းသိရသည်။
လှမင်းထွဋ်