ကြံခင်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြည်သုများအလွယ်တကူဖတ်ရှု့လေ့လာနိုင်ရန် ရည်ရွယ်ပြီး လစဉ်အသိပညာပေးစာစောင်များအသစ်လဲလှယ်ပြသခြင်းဆောင်ရွက်ရာ ယနေ့ နံနက်(၁၀)နာရီအချိန်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ပြည်သူများလေ့လာဖတ်ရှု့နိုင်ရန်အသိပညာပေးပြသခြင်းဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အကောင်အထည်ဖော်ဆောင်ရွက်နေသည့်မှတ်တမ်းဓာတ်ပုံများ၊ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများပါဝင်သောဗီနိုင်း ပိုစတာများအားပြသထားရာဒေသခံပြည်သူများကစိတ်ဝင်တစားကြည့်ရှု့ကြကြောင်းသိရသည်။
မိုးမိုး