ကျွန်းစု ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ကပအုပ်စု အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပြီး ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲ အချိန်က ဖွင့်ပွဲအခမ်းအနားကို ကပအုပ်စု၊ ကတန်ကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျွန်းစုမြို့မ အသင်းနှင့် မရမ်းချောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကာ ကျွန်းစုမြို့မအသင်းက (၂ဂိုး)ပြတ်ဖြင့် မရမ်းချောင်းအသင်းကို အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ (၁၃)အသင်း၊ ပြိုင်ပွဲဝင် ကစားသမား (၂၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို တစ်နေ့ (၂)ပွဲနှုန်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဗိုလ်လုပွဲကို လာမည့် (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
CTRA(Kyunsu)